Friday, March 2, 2012

အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခံခဲ့ရသောနေ့  (သို့ ) အာဏာရှင် နေ၀င်းမှ ပြည်သူ့ အာဏာကို အနိုင်ကျင့် လုယူခဲ့သောနေ့  (မတ်လ ၂ ရက်၊ ၁၉၆၂ ခုနှစ်)။

အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခံခဲ့ရသောနေ့  (သို့ ) အာဏာရှင် နေ၀င်းမှ ပြည်သူ့ အာဏာကို အနိုင်ကျင့် လုယူခဲ့သောနေ့  (မတ်လ ၂ ရက်၊ ၁၉၆၂ ခုနှစ်)။
























တော်လှန်ရေးကောင်စီ အမည်ခံ နေ၀င်းဦးဆောင်တဲ့ အာဏာရှင်အုပ်စုဟာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ မြန်မာပြည်ပြည်သူအားလုံးရဲ့  လွတ်လပ်တဲ့ဘ၀တွေကို ကံကြမ္မာဆိုးရွားစေခဲ့တဲ့ အာဏာသိမ်းပွဲကို ပြုလုပ်ခဲ့တယ်။ ပြည်သူ့ အာဏာကို အဓမ္မကျင့်ပြီး တိုင်းပြည်ကို မတရား စတင် အုပ်ချူပ်ခဲ့တယ်။ သွေးစွန်းနေတဲ့လက်တွေ ယမ်းငွေ့ ညံ့နေတဲ့ လူသတ်လက်နက်တွေနဲ့  အာဏာရှင်အုပ်စုကို ဆန့် ကျင်အံတုသူတွေကို ဖမ်းဆီးထောင်ချခဲ့တယ်။ နေ၀င်းအာဏာရှင် အုပ်စိုးနေတဲ့ကာတစ်လျှောက်မှာ တော်လှန်ပုန်ကန်ကြတဲ့ ကျောင်းသူကျောင်းသားတွေ ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခြေမှုန်းခဲ့တယ်။

တရုတ်သွေးစပ် နေ၀င်း (ရှူမောင် - Shu Maung -Apple of One’s Eye) ဟာ ၁၉၂၉ ခုနှစ်က ရန်ကုန်ကောလိပ်မှာ ကျောင်းတက်ခဲ့ပေမယ့် စာမေးပွဲမှာ Biology ဘာသာရပ်ကို မအောင်မြင် စာမေးပွဲကျခဲ့လို့  ကျောင်းထွက်ခဲ့ရတယ်။ ဒီအကြောင်းအချက်ကြောင့်လည်း နေ၀င်းဟာ တက္ကသိုလ်နဲ့  တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို မုန်းတီတဲ့စိတ် ၀င်ခဲ့တာ ဖြစ်တယ်။ တရုတ်သွေးစပ်တဲ့ နေ၀င်းဟာ သူ့ လက်ထက်ကတည်းက တရုတ်နိုင်ငံရဲ့  ကွန်မြူနစ်ခေါင်းဆောင် အာဏာရှင်ကြီးတွေအပေါ်မှာ တပည့်ခံပြီး အားကိုးသမှု ပြုခဲ့တယ်။

အာဏာရှင်နေ၀င်းဟာ နိုင်ငံတကာနဲ့  ဆက်ဆံရမှာ အထူးကြောက်ရွံ့ သူဖြစ်လို့  နိုင်ငံခြားရေးနဲ့  စီးပွားရေးရာကိစ္စတွေမှာ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ ကြားနေ၀ါဒနဲ့  တံခါးပိတ်စီးပွားရေးဝါဒကို ကျင့်သုံးခဲ့တယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့  အာဆီယံအဖွဲ့ ကြီးထဲတောင် ၀င်ရောက်ဖို့  ငြင်းပယ်ခဲ့ပါတယ်။

အာဏာရှင်နေ၀င်းဟာ လောင်းကစား အလွန်ဝါသနာပါပြီး (အထူးသဖြင့် မြင်းလောင်းတာကို အဓိကထားတယ်)၊ မိန်းမပွေသူ မိန်းမလိုက်စားသူလည်း ဖြစ်တယ်။ အာဏာရှင်နေ၀င်းမှာ တရားဝင်ယူတဲ့ ဒေါ်တင်တင်၊ ဒေါ်ခင်မေသန်း (ယောင်္ကျားဟောင်းမှာ ဒေါက်တာတောင်ကြီး)၊ ဒေါ်နီနီမြင့်၊ ရတနာနတ်မယ်တို့ အပြင်၁၉၈၀ ခုနှစ်လွန် အချိန်ကာလတုန်းကလည်း ကျောက်မျက်ရတနာကော်ပိုရေးရှင်းက အသက်အရွယ်ငယ်တဲ့ ၀န်ထမ်းအမျိုးသမီးတစ်ဦးကိုလည်း ရယူဖို့  ကြိုးပမ်းခဲ့တယ်လို့  ပြည်သူလူထုအကြားမှာ သတင်းကျော်ကြားခဲ့ပါတယ်။ လောင်းကစားနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံတွင်းမှာတင်မကဘဲ ကမ္ဘာကျော် မဲလ်ဘန်းကပ် (Melbourne Cup) လို့ ခေါ်တဲ့ သြစတြေလျနိုင်ငံက မြင်းပြိုင်ပွဲကို နှစ်စဉ် ကိုယ်ပိုင်လေယာဉ်နဲ့  သွားရောက်ပြီး လောင်းကစားလေ့ရှိပါတယ်။ (အောက်ကပုံက မြင်းလောင်းပွဲလုပ်နေတဲ့ အာဏာရှင်နေ၀င်း ပုံပါ)။















































အာဏာရှင်နေ၀င်းဟာ ၁၉၆၂ ခုနှစ် စတင် အာဏာသိမ်းပြီးတာနဲ့  လူသတ်လက်နက်တွေနဲ့  ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေကို ဖိနှိပ်ချူပ်ချယ်ခဲ့ပါတယ်။ ရှေးဦးစွာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဇူလိုင်လ (၇) ရက်နေ့ မှာ ဒိုင်းနမိုက်နဲ့  ဖြိုခွင်းဖျက်ဆီးခဲ့ပြီး ကျောင်းအဆောင်တွေအတွင်း ၀င်ရောက်ရှောင်တိမ်း ပုန်းအောင်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို မသေသေအောင် ပစ်သတ်ခဲ့ပါတယ်။

ထို့ နောက် ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံသား ဦးသန့်  (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်ဟောင်း) ရဲ့  အသက်မဲ့ခန္ဓာကိုယ်ကို မြန်မာနိုင်ငံသို့  ပြန်လည်သယ်ဆောင်လာတဲ့အခါမှာ နိုင်ငံတော်ဈာပနအနေနဲ့  အလေးထားပြီး ဂုဏ်ပြုတာမျိုး မဟုတ်လို့ ၊ ဦးသန့် ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားတွေမှ သယ်ဆောင်ယူကာ ၇န်ကုန်တက္ကသိုလ်ဝန်းအတွင်းတွင် ထားရှိပြီး ဆန္ဒပြကြတဲ့အခါမှာလည်း အာဏာရှင်နေ၀င်းဟာ စစ်တပ်အင်အားနဲ့  ၀င်ရောက်ဖြိုခွင်းကာ ပစ်ခတ်သတ်ဖြတ်စေခဲ့ပါတယ်။

ထို့ အပြင် ၁၉၇၆ ခုနှစ်၊ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့်အရေးတော်ပုံမှာလည်း သွေးစွန်းနေသော လူသတ်လက်များနဲ့  ထပ်မံဖြိုခွင်း သတ်ဖြတ်ခဲ့ပါတယ်။ အာဏာရှင်နေ၀င်းလက်ထက်မှာ လူမျိုးရေးအဓိကရုန်းတွေဖြစ်တဲ့ တရုတ်-ဗမာအရေးအခင်း၊ ကုလား-ဗမာအရေးအခင်းတွေကိုသာမက ဘာသာရေးအဓိကရုန်းတွေ ဖြစ်ပွားအောင် ဖန်တီးပြီး၊ ထိုဖြစ်ပွားခဲ့တဲ့ အဓိကရုန်းတွေအပေါ် ရက်စက်စွာ နှိမ်နင်းဖြိုခွဲပြီး နေ၀င်းအား ၄င်းရဲ့  အာဏာတန်ခိုးကို အကြောက်တရားနဲ့ တဖုံ၊ နာမည်ကောင်းယူ ဟန်ဆောင်နည်းဖြင့်တမျိုး ကျင့်သုံးကာ ပြည်သူလူထုအပေါ် ဖိနှပ်ချူပ်ချယ်ခဲ့ပါတယ်။




















သို့ သော်လည်း ၁၉၈၈ ခုနှစ်ရောက်တဲ့အချိန်မှာတော့ - ၁၉၆၂ ခုနှစ်ကနေ ပြည်သူ့ အာဏာကို လုယူပြီး အာဏာသိမ်း အုပ်ချုပ်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ တစ်ပါတီစနစ်ကို ၁၉၈၈ ခုနှစ်ထိ ပြဌန်းအုပ်ချူပ်ခဲ့တဲ့ အာဏာရှင်နေ၀င်း ဦးဆောင်သော မဆလပါတီဟာေ၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပြိုကျပျက်စီးခဲ့ကာ နိဂုန်းချူပ်ခဲ့ပါတယ်။

အာဏာရှင် နေ၀င်းဘ၀ဇာတ်သိမ်းခါနီးမှာ ကိုယ်မွေးတဲ့ မျောက် ကိုယ့် ပြန်ခြောက်ဆိုသလိုဘဲ နေ၀င်းနဲ့  မိသားစုအသိုင်းအ၀ိုင်းတစ်ခုလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အာဏာရှင်သစ် သန်းရွှေကြောင့် သေတာတောင်မှ လူမသိသူမသိနဲ့  ခွေးလေခွေးလွင့် တစ်ကောင်သေသလိုမျိုးနဲ့  တန်ဘိုးမဲ့စွာနဲ့  အာဏာရှင်နေ၀င်းတစ်ယောက် နေ၀င်ချုပ်ခြိမ်းခဲ့ရတယ်။ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့် အချိန်မှာ အာဏာရှင်ဟောင်းကြီးနေ၀င်း သေဆုံးသွားခဲ့တယ်။ ပြည်သူလူထုကို နှစ်ပေါင်း ၂၆ နှစ်ကြာ ဒုက္ခမျိုးစုံနဲ့  နှိပ်စက် ဖိနှိပ်ချူပ်ချယ်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်နေ၀င်းဟာ သေသွားသည့်တိုင်အောင် သံဝေဂရပြီး နောင်တလုံးဝ ရရှိပုံ မပေါ်ခဲ့ပါဖူး။

သံဝေဂမရရှိ နောင်တ မရရှိပေမယ့် ၀ဋ်ဆိုတာ ဘ၀မကူးခင် လည်တတ်တယ်ဆိုတာကို အာဏာရှင်နေ၀င်းတစ်ယောက် သဘောပေါက်သွားမှာပါ။ အာဏာကြီးစိုးပြီး တန်ခိုးထွားနေချိန်မှာတော့ ခေါင်းမထောင် ပြန်မပြောရြဲကတဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့၊ ကျွေးမွေးထားပြီး အရောင်အ၀ါရှိအောင် ပေးကမ်းပေးထားတဲ့ ကျေးဇူးနဲ့  ကြောက်ရွံ့ နေလို့ သာ နေနေကြတဲ့ သန်းရွှေတို့ လို နေ၀င်းရဲ့  ဒူးမနာသားတွေက အာဏာရှင်နေ၀င်းနဲ့  မိသားစုအဆွေအမျိုးတွေကို ပြန်လည်ဒုက္ခပေးပါတော့တယ်။ အာဏာရှင်နေ၀င်း မသေခင်မှာဘဲ ဖမ်းဆီးပြီး နေအိမ်အကျယ်ချူပ်ဘ၀နဲ့  အကျဉ်းချထားလိုက်ပါတယ်။ အာဏာရှင်နေ၀င်း သေဆုံးတဲ့နောက်မှာ ဈာပနကို နေ၀င်းရဲ့ သမီး စန္ဒာဝင်းနဲ့  လူ (၂၅) ယောက်ခန့် သာ လိုက်ပါပို့ ဆောင်ခွင့်ပေးခဲ့ပါတယ်။


















အာဏာရှင်နေ၀င်းတစ်ယောက် အာဏာပြိုကွဲပျက်စီးတဲ့အချိန်မှာ ပြည်သူလူထုအပေါ် အာဂတအညိုးတကြီးထားပြီး ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ချေင်သေးတဲ့စိတ်ကို ၁၉၈၈ ခုနှစ်မှာ မဆလပါတီကနေ နှုတ်ထွက်တဲ့ သူရဲ့  နောက်ဆုံးမိန့် ခွန်းထဲမှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။



“ကဲ - စစ်တပ်ဝင်ပေတော့ဆိုပြီး ကျွန်တော် ခွင့်ပြုလိုက်တယ် … …… …. .. တိုင်းပြည်တပြည်လုံး လူထုကို သိစေချင်တယ်၊ နောင်ကို လူစုလူဝေးနဲ့  ဆူဆူပူပူလုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဖူး၊ အဲ့ဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ဖြင့် တပ်ကို သုံးလို့ ရှိရင်တော့ ဆူတဲ့သူတွေ မသက်သာဖူးလို့ သာ မှတ်ပေတော့လို့  ကျွန်တော် ဒီကနေ ပြောလိုတယ်” လို့  သူရဲ့  မဆလပါတီကနေ နှုတ်ထွက်တဲ့ မိန့် ခွန်းထဲ ပြည်သူလူထုကို ပေါ်တင်ကြီး ခြိမ်းခြောက်ကာ နေ၀င်းဟာ သူရဲ့  ဇာတိရုပ် အစစ်အမှန် လူသတ်ကောင်အဖြစ် ပေါ်လွင်ထင်ရှားစွာ ပြသခဲ့ပါတယ်။

ဒီမိန့် ခွန်းကို နားထောင်နေကြတဲ့ တတိုင်းပြည်လုံးက ပြည်သူလူထုဟာ ဒေါသူပုန်ထကာ မကျေမနပ်ဖြစ်ကြပြီး နောက်နေ့ မှာဘဲ လမ်းမတွေထွက်ပြီး မြို့ တိုင်း ရွာတိုင်း နယ်တိုင်းမှာ ဆန္ဒထွက်ပြခဲ့ကြပါတယ်။

အာဏာရှင်နေ၀င်းတစ်ယောက် ဘယ်ဘုံဘ၀ရောက်ရောက် သူရဲ့ မိုက်ကြွေးမိုက်ပြစ်နဲ့  အကုသိုလ်တရားကို ခံစားနေရဆဲ ဖြစ်ပါလိမ့်မယ်။ ထို့ အတူ မြန်မာပြည်ရဲ့  သမိုင်းမှတ်တမ်းမှာလည်း အာဏာရှင်နေ၀င်းရဲ့  ဆိုးရွားမှုအကြောင်းတွေက ကမ္ဘာတည်သရွေ့  ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

အာဏာရှင်နေ၀င်း ပြီးဆုံးပြီးသည့်နောက် မကြာခင်မှာလည်း အာဏာရှင်သန်းရွှေ အလှည့် မကြာခင် ရောက်တော့မှာမို့  ဒီရေးသားချက် ပိုစ့်အား ဖတ်ဖြစ်သွားစေလိုပါတယ်။ ထို့ အတူ အာဏာရှင်လက်သစ်တွေလည်း သိစေလိုပါတယ်။ အာဏာဆိုတာ တစ်နေ့ နေ့ မှာ ကျဆုံးရမှာပါ။

No comments: